
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် DICA-JICA Cooperation Seminar ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Seminar တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အတွေ့ အကြုံများကို လေ့လာနိုင်ရန် JICA အစီအစဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက် လေ့လာခဲ့သည့် အတွေ့အကြုံများအား သွားရောက်ခဲ့သူများမှ ရှင်လင်းတင်ပြခဲ့ပြီးJICA Advisor ဖြစ်သူ Mr. Toru Homma မှ ၎င်းတာဝန်ထမ်းဆောင်ခဲ့သော ၃ နှစ်တာ ကာလ အတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲအပြီးတွင် JICA နှင့် Myanmar Marketing Research and Development (MMRD) တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် Shan State Investment Fair Survey Report စာအုပ်အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကိုလည်း ကျင်းပပြုလုပ်ခဲ့ ပါသည်။
Seminar ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြပါသည်။




