
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သော Workshop for Parts Supplier Development of Automobile Industry သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ Workshop သို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးနှင့် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ Workshop ကို Automobile ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပြုလုပ်ခြင်းဖြစ်ပါသည်။

