
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်မည့် ရခိုင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲ အတွက် Stakeholders’ Meeting ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ ငပလီကမ်းခြေရှိ Jasmine Ngapali Resort ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ရှိ ဌာနဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် နှင့် တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် Myanmar Survey Research ကုမ္ပဏီလီမိတက်၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ စုစုပေါင်း(၁၀၀) ကျော် တက်ရောက်ခဲ့ပါသည်။


