
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်၊ ဒီဇင်ဘာလ ၁၄ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်သည် ယနေ့ မွန်းလွဲပိုင်းတွင် World Association of Investment Promotion Agencies (WAIPA) နှင့် Enhanced Integrated Framework (EIF) တို့က ပူးပေါင်းကျင်းပပြုလုပ်သည့် “ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နေသည့်အခြေအနေများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်း၊ အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ၏ ဆောင်ရွက်နေမှု အခန်းကဏ္ဍကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan-MIPP)၏ ကာလတို၊ ကာလလတ်၊ ကာလရှည် အစီအမံများနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီက တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါသည်။
