
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Myanmar Centre for Responsible Business (MCRB) တို့ ပူးပေါင်း၍ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သည့် Handling Complaints and Grievances သင်တန်းအား ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းပဉ္စမမြောက်နေ့တွင် Ms. Vicky Bowman မှ ဦးဆောင်၍ MCRB မှ ပို့ချသူများက Handling Complaints and Grievances ခေါင်းစဉ်ဖြင့် နစ်နာမှု ဖြေရှင်းသည့် နည်းလမ်း၏ အဓိပ္ပာယ်၊ ၎င်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေအပါအဝင် သက်ဆိုင်သည့် ဥပဒေမူဘောင်၊ ထိရောက်မှုရှိသော နစ်နာမှု ဖြေရှင်းသည့် နည်းလမ်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် မူဘောင်များအား သင်တန်း တက်ရောက်သူများ သိရှိစေရန် ဆွေးနွေးပို့ချခဲ့ပါသည်။
သင်တန်းပဉ္စမမြောက်နေ့ဖြစ်သည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် MCRB မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပါသည်။
