
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO) ကိုယ်စားလှယ်အဖွဲ့နှင့် Virtual Meeting တစ်ရပ်ကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နေ့လည် ၁၄: ၃၀ နာရီမှ ၁၅ : ၃၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးတို့နှင့်အတူ အရာထမ်းများ၊ အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO) မှ ကိုယ်စားလှယ်များ တက်ရောက်၍ COVID-19 ကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုစိန်ခေါ်မှုများ၊ ဖြေရှင်း နိုင်မည့် စီမံချက်များ၊ လက်ရှိရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။



