အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၀၀၀ ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၅) ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၂၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်ပေါင်း (၃,၉၇၆) ဦး ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၅) ခုအား ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများတွင် Network Facilities ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်/ အိပ်ချုပ်လုပ်ငန်း၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများပါဝင်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၂) ဦး တက်ရောက်ကြပါသည်။