
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာတွင် အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပြီး နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ လျင်မြန်ချောမွေ့စေရေး ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁,၀၀၀ သန်း (အမေရိကန် ဒေါ်လာ ၀.၆ သန်း အပါအဝင်) ဖြင့် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအား အတည်ပြုပေးခဲ့ပါသည်။