
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် “KAIZEN for Institutional capacity Development” အလုပ်ရုံ ဆွေးနွေးပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကား ပြောကြားရာတွင် “ ယခုဆွေးနွေးပွဲမှရရှိသည့် အခြေခံသဘောတရားများကို မိမိတို့ ဖြတ်သန်းကျင်လည်နေရသည့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန်” ထည့်သွင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြပါသည်။

