
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ Business and Human Rights ခေါင်းစဉ်ဖြင့် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရှိ ဝန်ထမ်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် “Virtual Meeting” ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ ဆွေးနွေးပွဲ၌ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ၏ အရေးပါပုံကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း စုစုပေါင်း ၈၅ ဦးခန့် တက်ရောက်ခဲ့ပါသည်။
