မြန်မာ့ ကုန်သွယ်စီးပွား ပွဲတော် (၂၀၁၈) တွင် ပါဝင်ဆွေးနွေးခြင်း

Print Friendly, PDF & Email

Yangon Convention Centre ၌ ကျင်းပပြုလုပ်သော မြန်မာ့ ကုန်သွယ်စီးပွားပွဲတော် (၂၀၁၈)၏ ဒုတိယနေ့ဖြစ်သော ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်ကိုပြုလုပ်ခဲ့ပါသည်။

            အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဌ ဦးဝမ်းတင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်၊ မြန်မာနိုင်ငံစာရင်းကောင်စီ အဖွဲ့ဝင် ဦးဝင်းသင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးရဲမင်းအောင်တို့မှ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။