
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) သို့ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၀၀နာရီ အချိန်တွင် လာရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများအား တွေ့ဆုံခဲ့ကာ ဝန်ကြီးဌာနအသစ်အနေဖြင့် ရေတိုရေရှည် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မူဝါဒနှင့်လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှ ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးပြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လှည့်လည် ကြည့်ရှုခဲ့ပါသည်။

