
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ တင်ပြချက်များအပေါ် ဆွေးနွေးစိစစ်မှု ပြုရန် အတွက် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ (၇/၂၀၁၈) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါ အစည်းအဝေးတွင် လစဉ်အစီရင်ခံစာတင်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာ များအပေါ် ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။