
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် Yangon Convention Centre ၌ ကျင်းပပြုလုပ်သော မြန်မာ့ ကုန်သွယ်စီးပွားပွဲတော် (၂၀၁၈) တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ပြခန်းဖွင့်လှစ်ပြသခဲ့ပါသည်။ ပြခန်းတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ (မြန်မာ-အင်္ဂလိပ်စာအုပ်) များ ရောင်းချပေးခဲ့ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင် စနစ် (MyCO) ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုမ္ပဏီပြန်လည် မှတ်ပုံတင်ခြင်းများကိုလည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ နှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်း ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပွဲတော်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန


