
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် လှိုင်သာယာမြို့နယ်တို့တွင် လုပ်ငန်းဆောင်ရွက် လျက်ရှိသော Fu Yuen Garment Company Limited၊ Earth Tamura Electronic (Myanmar) Company Limited၊ United Knitting (Myanmar) Company Limited၊ Sheng Feng Shi Ye Company Limited၊ Nadia Pacific Apparel Co., Ltd.၊ Yongan (Myanmar) Fashion Co., Ltd.၊ Guotai Garment (Myanmar) Company Limited တို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်၊ ၄ ရက်နေ့တို့တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြုလိုက်နာရမည့် အချက်များ (version 4.0) (version 4.1) (version 5.0) တို့အား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေကို video conferencing system အသုံးပြု၍ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။