
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဝန်ထမ်းများ၏ စွမ်းရည် မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်း (၂) ဦးအား ဂျပန် နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုမ္ပဏီဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်နှင့် မူဝါဒနှင့်ဥပဒေရေးရာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်နွယ်နီဝင်းတို့သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အထိ ၂ ပတ်ကြာ ကျင်းပပြုလုပ်သည့် လူမွဲခံဥပဒေများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား သွားရောက် လေ့လာလျက် ရှိပါသည်။
လေ့လာရေးခရီးမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အကူအညီဖြင့် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုလေ့လာရေးသွားရောက်သည့် ဝန်ထမ်း(၂)ဦးမှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် လေ့လာရေး ခရီးသို့ သွားရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လွှတ်တော် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းများလည်း အဆိုပါလေ့လာရေးခရီးသို့ သွားရောက်လျက်ရှိပါသည်။