
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံအတွင်းရှိ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ၊ မဟာဗျူဟာမြောက် ထောက်ပံ့ငွေချမှတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သည့် အကြောင်းအရာများ အား ဆွေးနွေးဖလှယ်နိုင်ရန်အတွက် “AVPN Myanmar Social Impact Forum 2017” ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်တွင် မြန်မာလူမှုအကျိုးပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ မြန်မာနိုင်ငံ အတွင်းရှိ အလားအလာကောင်းသော အပြုသဘောဆောင်သည့် လူမှုအကျိုးပြု လုပ်ငန်း များဖန်တီးနိုင်ရန်၊ စွမ်းအင်ဆိုင်ရာ လူမှုအကျိုးပြုလုပ်ငန်းများ စတင် ဆောင်ရွက်နိုင်မှု၊ အသေးစားငွေကြေးထောက်ပံ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။
Panel Discussion ၏ ဒုတိယပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ Potential for Creating Positive Social Impact in Myanmar ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
