
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့ပါ သည်။
အဆိုပါလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ (၁၅၃၉.၆၄၉) ကျပ်သန်း ရှိပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၇၁) ဦး ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
