
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာများကိုဆွေးနွေးခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဝက်ဘ်ဆိုက်တည်ထောင်ရန်ဆွေးနွေးခြင်းနှင့် ကုမ္ပဏီ Extract Form ကို စစ်ဆေးနိုင်ရန်အတွက် နမူနာပုံစံ ရှင်းလင်းတင်ပြခြင်း အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
