ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များဆိုင်ရာ ဌာနတွင်းညှိနှိုင်းအစည်းအဝေး

Print Friendly, PDF & Email

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များဆိုင်ရာ ဌာနတွင်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ဆွေးနွေးခဲ့ကြပါသည်။