အကောက်ခွန်ကုန်လှောင်ရုံ (CUSTOMS BONDED WAREHOUSE) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးခြင်း

Print Friendly, PDF & Email

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ  ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ DaNa Facility ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်‌ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အကောက်ခွန်ကုန်လှောင်ရုံ (Customs Bonded Warehouse) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား Video Conferencing စနစ်ကို အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ အကောက်ခွန်ဦးစီးဌာန၊ DaNa Facility ၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်‌ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၃၀) ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။