ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များသည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အစီရင်ခံစာများ၊  ရင်းနှီးမြှုပ်နှံသူမှ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။