UNESCAP မှ ကြီးမှူးကျင်းပသည့် “POLICIES TO ENABLE BUSINESS INNOVATION FOR INCLUSIVE AND SUSTAINABLE DEVELOPMENT” WEBINAR သို့တက်ရောက်ခြင်း

Print Friendly, PDF & Email

အများနှင့် အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဦးဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၀:၃၀ နာရီအထိ UNESCAP မှ ကြီးမှူးကျင်းပသည့် The 3rd Session of UNESCAP Committee on Information and Communications Technology, Science, Technology and Innovation ၏ Agenda 5(b) “Policies to Enable Business Innovation for Inclusive and Sustainable Development” Webinar သို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ Inclusive Business နှင့် Impact Investing မြှင့်တင်ရေးဆိုင်ရာမူဘောင်အရInclusive Business (IB)၊ Social Enterprises (SE) နှင့် Impact Investment နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။