“ EVERGREEN RENEWABLES COMPANY LIMITED” သို့ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကျေးလက်မီးလင်းရေးအတွက် နေရောင်ခြည် စွမ်းအင် ၄၂.၂ ကီလိုဝပ်နှင့် ဘတ္ထရီသိုလှောင်အား ၆၆ ကီလိုဝပ်ရှိသော ဂျင်နရေတာ အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆော‌င်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ Evergreen Renewables Company Limited သို့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။