ပဉ္စမအကြိမ် အများနှင့် အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဦးဆောင်ရေးအဖွဲ့အစည်းအဝေးနှင့်စပ်လျဉ်းသည့် VIRTUAL MEETING တစ်ရပ် ကျင်းပခြင်း

Print Friendly, PDF & Email

DaNa Facility ၏ စီစဉ်မှုဖြင့် ပဉ္စမအကြိမ် အများနှင့် အကျုံးဝင်သောစီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဦးဆောင်ရေးအဖွဲ့ အစည်း အဝေးနှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ နေလည် ၂:၀၀ နာရီမှ ၃:၃၀ နာရီအထိ ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ အများနှင့် အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူချုပ် ဦးခွန်အေးနိုင်နှင့် သမဝါ ယမဦးစီးဌာနမှ အရာထမ်းများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်၊ DICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် အရာထမ်းများ၊ DaNa Facility မှ ကိုယ်စားလှယ်များ၊ အများနှင့် အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုး ရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဦးဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင်များ စုစုပေါင်း ၃၁ ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ DaNa Facility မှ Senior Technical Advisor ဖြစ်သူ Mr. Peter Brimble က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် BOP Inc. မှ လက်ရှိ Inclusive Business ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြပြီး Inclusive Business Initiatives မှတစ်ဆင့် COVID-19 တုန့်ပြန်မှုများကို ဆောင်ရွက်ရန်နှင့် Inclusive Business တိုးတက်စေရေးတို့အတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။