“ MYANMAR EFFORTS COMPANY LIMITED” နှင့် “ FULL RICH GARMENT (MYANMAR) LIMITED” တို့သို့ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းဆော‌င်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ “ Myanmar Efforts Company Limited” နှင့် “ Full Rich Garment (Myanmar) Limited” တို့သို့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။