ONE STOP SERVICE (OSS) ONLINE စနစ်ဖြင့် လျှောက်ထားနိုင်ရေး ဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရရှိထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်းအောက် တန်ဖိုးရှိ စက်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းခွင့်နှင့် နိုင်ငံခြားသား ပညာရှင်များ၏ နေထိုင်ခွင့်၊ ပြည်ပြန်ဝင်ခွင့်ဗီဇာနှင့် အလုပ်သမားမှတ်ပုံတင်ကဒ် လျှောက်ထားခြင်းကိစ္စရပ်များကို Online စနစ်ဖြင့် လျှောက်ထားနိုင်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။