
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးမြှင့်လာစေရေး အတွက် Japan International Cooperation Agency(JICA) မှ ရေးဆွဲထားသည့်Capacity Development Plan for Investment Promotionနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၅ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှTeam Leaderဖြစ်သူ Mr. Kazuo Mishima မှ Capacity Development Plan for Investment Promotion နှင့်စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များက အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် JICA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
