သတင်းမီဒီယာများနှင့် တွေ့ဆုံခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း  ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် မီဒီယာများနှင့်တွေ့ဆုံမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၀) အားဖြန့်ဝေခဲ့ပါသည်။ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၀)ခုမှ သတင်းထောက် (၁၁)ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်းရယူခဲ့ကြပါသည်။