
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

“ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ Websiteအား ထုတ်လွှင့်ကြောင်း ကြေညာခြင်း အခမ်းအနား” ကိုကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ခရိုင်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ၊ ပုဂ္ဂလိကကဏ္ဍပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများစုစုပေါင်းအင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်မေမျိုးဇော်ကwebsite(www.KIC.gov.mm)တွင် သတင်းအချက် အလက် ရယူခြင်းနှင့် အသုံးပြုပုံအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

