“BU GA CO., LTD.” သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့် ဖြင့်  ရေအားလျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်ရှိ “Bu Ga Co., Ltd.”သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင်  သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။