
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ပုသိမ်မြို့နယ်တွင် အုန်းဆံမျှင်ဘလောက်တုံးများ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် “CoCoGuy International Co.,Ltd.” နှင့် ကန်ကြီးထောင့်မြို့နယ်တွင် စပါးပျိုးဗန်း ပျိုးထောင် ခြင်းနှင့် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် “Jade Cock Co., Ltd.”တို့သို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။