“MYANMAR C.P LIVESTOCK CO.,LTD.”သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဝက်နှင့်ဝက်သားပေါက် မွေးမြူခြင်း နှင့်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ညောင်နှစ်ပင်ကျေးရွာအုပ်စု၊ မှော်ဘီမြို့နယ်နှင့်၊ ကြာအင်းအုပ်စု၊ လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်း ဒေသကြီးရှိ “Myanmar C.P Livestock Co., Ltd.” သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး လိုအပ်သည် များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။