“GO EXCELLENT (MYANMAR) CO.,LTD.”သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိသော ရွှေလင်ပန်းစက်မှုမြို့၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးရှိ “Go Excellent  (Myanmar) Co.,Ltd.”သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် တည်ဆောက်ရေးကာလ လိုအပ်မှု အခြေအနေများအား သွားရောက် စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။