“WILLOW ORIENTAL (MYANMAR) TEXTILE CO.,LTD.”သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် CMPစနစ်အသုံးပြုပြီး အိပ်ယာခင်း အသုံးအဆောင်များ ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ “Willow Oriental (Myanmar)Textile Co.,Ltd.” သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက် စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။