ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံမှ CMP စနစ်ဖြင့် လက်အိတ်ချုပ်လုပ်ခြင်း လုပ်ငန်း ကို အတည်ပြုပေးခဲ့ပါသည်။

          အဆိုပါလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၈၀၀)သန်းရှိပြီး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၆၅၅) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။