
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ထားဝယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အပါအဝင် ကော်မတီအဖွဲ့အဝင် ၆ဦးတက်ရောက် ခဲ့ပါသည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှတင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာများကို ဆွေးနွေးခဲ့ပြီး ဟိုတယ်ကဏ္ဍနှင့် ရေလုပ်ငန်း ကဏ္ဍတို့မှ လုပ်ငန်း(၂)ခုအား ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၀.၈၁၃ သန်းနှင့် ကျပ် ၅၉၇၆ သန်းရှိပြီးဒေသခံလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၆၉ နေရာဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
