“မန္တလေး ဘစ်စနတ်(စ်) ကက်ပီတယ် (လ်) စီးတီး ဒီပလော့(ပ်)မန့် လီမိတက်”သို့ကွင်းဆင်းခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်တွင် အမရပူရမြို့ပြဖွံ့ဖြိုးမှု တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မန္တလေး ဘစ်စနတ်(စ်) ကက်ပီတယ်(လ်)စီးတီး ဒီပလော့(ပ်)မန့် လီမိတက်သို့ မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် မန္တလေးတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်သွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။