
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

“Substantive Provisions in Myanmar’s Bilateral Investment Treaties” ခေါင်းစဉ်ဖြင့် ဌာနတွင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်ဖြိုးစန္ဒီလင်းက Substantive Provisions in Myanmar’s Bilateral Investment Treaties ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

