
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မိုးမောက်မြို့နယ်၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်ရှိ တာပိန် (၁) ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၁၆ ရက်နေ့၌ မြစ်ကြီးနားမြို့တွင် တွေ့ဆုံ၍ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရာတွင် အခက်အခဲများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
