လျှပ်စစ်ကဏ္ဍအပါအဝင် အမေရိကန်ဒေါ်လာ သန်း(၅၀)ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် ()ဦး တက်ရောက်ကြပါသည်။

              အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍတို့မှ လုပ်ငန်း ()ခု ခွင့်ပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၈.၀၃၅သန်းနှင့် ကျပ် (၁၉၂၂.၈၀၄သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉၄နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ပါသည်။

          ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံပေါင်း (၅၀)မှ စီးပွား ရေးကဏ္ဍ (၁၂ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၂၉%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ (၂၅.၇၇%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၄%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။