
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် သည် Thailand Board of Investment ၏ Senior Investment Advisor ဖြစ်သူ Mr. Worakan Kosolpisitkul နှင့် အဖွဲ့အား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium Yangon Hotel ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ Power Point ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာညွှန်းကိန်းနှင့် စည်းမျဉ်းစည်းကမ်းတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
