
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ Dana Facility ၏ ပံ့ပိုးမှုဖြင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာပင်မလုပ်ငန်းအဖွဲ့ (Core Working Group) တို့မှ ပူးပေါင်း ကျင်းပ သော Formulating The Kayin State Investment Promotion and Facilitation Strategy အလုပ်ရုံဆွေးနွေးပွဲအား ကရင်ပြည်နယ်ရှိ Hotel Gabana တွင် နံနက် (၈:၃၀) နာရီမှ ညနေ (၀၃:၁၅)အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ကရင် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များ၊ Core Working Group အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များ စုစုပေါင်း (၃၀) ဦးတက်ရောက်၍ Kayin State Investment Fair 2020 ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

