
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတကာ အဆင့်မီဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ယင်းနှင့်ဆက်နွယ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Amara Hotel Co., Ltd. သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများ နှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။
