“(၁၄)ကြိမ်မြောက် တရုတ်−မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခြင်း”

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာသိမ့်သိမ့်မိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “(၁၄)ကြိမ်မြောက် တရုတ်−မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေး” တက် ရောက်ရန်အတွက် မူဆယ်နယ်စပ်ဂိတ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထွက်ခွာခဲ့ပါသည်။