DEPARTMENT FOR INTERNATIONAL DEVELOPMENT (DFID) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်တို့သည် Department for International Development (DFID)   မှ  Private Sector Adviser ဖြစ်သူ Ms. Priti Prajapati ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။