“ (၉) ကြိမ်မြောက် အာရှ-ပစိဖိတ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကွန်ယက်အစည်းအဝေးသို့ တက်ရောက်ခြင်း”

Print Friendly, PDF & Email

( ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် )

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် အာရှ-ပစိဖိတ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကွန်ယက်အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးအား အာရှ – ပစိဖိတ်ဒေသအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးတက်‌‌စေခြင်းမှ တဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။