ကွင်းဆင်းစစ်ဆေးဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျှက်ရှိသော (ဘားအံ- ကော့ကရိတ်- မြဝတီ လမ်းအပိုင်း) နှင့် ကော့ကျိုက်- ဇာသပြင်နှင့် အိန္ဒု- ဇာသပြင်-မော်လမြိုင် လမ်းအပိုင်းတို့ အား လုပ်ငန်းဆောင်ရွက်လျက်ရှိသော “အေးကိုမိသားစု ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်” သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ ၃ရက်နေ့တွင်သွားရောက် စစ်ဆေးခဲ့ပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။