
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံမှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာနိုင်ငံမှ ဆန်စပါးအခြေခံ တန်ဖိုးမြှင့်ဆန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ် လုပ်ငန်း တို့ကို အတည်ပြုပေးခဲ့ပါသည်။
အထက်ပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၃၅၀) သန်း နှင့် ကျပ် (၇၈၉၀.၀၁၂) သန်းရှိပြီး၊ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၂၃၅၈) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။