
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိသည့် ကုမ္ပဏီ များမှ နိုင်ငံခြားသား ဒါရိုက်တာများ၊ ရှယ်ယာရှင်များ၊ ပညာရှင်များနှင့် ၎င်းတို့၏ မိသားစုဝင် များ၏ Business Visa အမျိုးအစားအား ဗီဇာသက်တမ်းတိုး ထောက်ခံချက် ဆောင်ရွက် ပေးလျက်ရှိရာ COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် ကုမ္ပဏီများအနေဖြင့် ဤဦးစီးဌာနသို့ အမှာစာ လာရောက်တင်ပြခြင်းအား လျော့ချလိုခြင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူ အဆင်ပြေ ချောမွေ့စေရန်အတွက် ၁-၈-၂၀၂၀ ရက်နေ့မှစ၍ Online ဖြင့် စတင်လက်ခံ ဆောင်ရွက်မည် ဖြစ်ပါ၍ https://136.228.167.36 – Company Affairs – Online Recommendation Letter for Visa Extension သို့ လျှောက်ထား နိုင်ကြောင်းနှင့် ဗီဇာထောက်ခံချက် ထုတ်ပေးသည့် ရက်စွဲ၊ စာအမှတ်နှင့် User Guide တို့ကို အဆိုပါ Link တွင် အသိပေး ဖော်ပြထားမည် ဖြစ်ပါသည်။
၂။ ကုမ္ပဏီများအနေဖြင့် ပူးတွဲတင်ပြရမည့် မိတ္တူများ၏ File type မှာ jpg, pdf, jpeg, gif, png, docx, doc အမျိုးအစား ဖြစ်ရန် လိုအပ်ပါသည်။ ကုမ္ပဏီတစ်ခုလျင် Account တစ်ခုသာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ဗီဇာ သက်တမ်းတိုး ထောက်ခံချက် ကိစ္စရပ်နှင့် ပတ်သက်၍ သိလိုသည်များအား တယ်လီဖုန်း နံပါတ် ၀၁-၆၅၈၁၀၅ သို့ ရုံးချိန်အတွင်း စုံစမ်း မေးမြန်းနိုင်ပါသည်။
၃။ ဗီဇာသက်တမ်းတိုး ထောက်ခံချက်လျှောက်ထားခြင်းကို Online ဖြင့် ပြောင်းလဲ လက်ခံဆောင်ရွက် သော်လည်း မူလလျှောက်ထားမှု ပုံစံနှင့် တင်ပြခြင်းကိုပါ နည်းလမ်း(၂)မျိုးဖြင့် ၃၁-၈-၂၀၂၀ ရက် နေ့အထိ တစ်လတိတိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းအသိပေး ကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန